Skip to playerSkip to main contentSkip to footer
  • 8 years ago
ဟာရီကိန်း မုန်တိုင်း အာရ်မာ ဝင်ရောက်တိုက်ခတ်မှုကြောင့် ကာရေဘီယန် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တိုင်းတာတွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး Category Five ဟာရီကိန်းကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အာရ်မာဟာ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ စိန့်မာတင်၊ ပွာတိုရီကို အစရှိတဲ့ ကျွန်းတွေကို ဖြတ်သန်းပြီး မက္ကဆီကို ပင်လယ်ကွေ့ဘက်ကို ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၈၅ မိုင်ထိ ပြင်းထန်တဲ့ မုန်တိုင်းကြီးကြောင့် ကာရေဘီယန် ကျွန်းနိုင်ငံတွေမှာ အနည်းဆုံး လူ ၇ ဦးသေပြီး ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးတော့ တိုက်တာ အဆောက်အအုံတွေလည်း ပြိုကျခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းက အမေရိကန်နိုင်ငံ အရှေ့ပိုင်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ့် အလားအလာ ရှိနေပြီး ဖလော်ရီဒါမှာ အရေးပေါ် အခြေအနေ ကြေညာထားသလို မီယာမီမှာလည်း မုန်တိုင်းမဝင်ခင် ကမ္ဘာလှည့် ခရီးသည်တွေ ပြန်လည် ထွက်ခွာနေကြပါတယ်။

အာရ်မာအပြင် လတ်တလော အခြေအနေအရ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ နောက်ထပ် ဟာရီကိန်းမုန်တိုင်းနှစ်ခု ရွေ့လျားနေဆဲလို့လည်း မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။

Category

🗞
News

Recommended

15:37