Skip to playerSkip to main content
  • 8 years ago
၁။ ရခိုင်ပြည်နယ် ပဋိပက္ခဟာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်ပြည်နယ် ပဋိပက္ခဟာ မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်က ဧည့်သည်တော် အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့အတူ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဆီ သွားရောက်ခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတဲ့အတွက် တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲပြီး တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအတောအတွင်း နိုင်ငံတချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ဘင်္ဂါလီ မျိုးနွယ်စုတွေ ဖိနှိပ်ခံနေရမှုအပေါ် မျက်ကွယ်ပြုထားကြောင်း ဝေဖန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

အိန္ဒိယဟာလည်း မြန်မာနိုင်ငံနည်းတူ နယ်စပ်ဒေသမှာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

မိုဒီဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတာဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ တခြားကဏ္ဍတွေကို မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။

၂ ။ ရန်ကုန်မြို့က အထင်ကရ နေရာတွေကို အိန္ဒိယဝန်ကြီးချုပ်သွားရောက်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာယန်ဒရာမိုဒီဟာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရွှေတိဂုံစေတီတော် ၊ အာဇာနည်ဗိဗာန်နဲ့ ဗိုလ်ချုပ်အောင်ဆန်း နေ အိမ် ပြတိုက် စတဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ မိုဒီဟာ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့ သလို အာဇာနည်ဗိမာန်ကို သွား ရောက်ပြီး လွမ်းသူပန်းခွေချခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို သွားရောက်လှည့်ပတ်ရာမှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့လည်း ဆွေးနွေး သဘောတူခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်ရေးအကူအညီပေးသွားဖို့ အိန္ဒိယ ကရှိနေပါတယ်။

စက်တင်ဘာ ၅ရက်နေ့ကစပြီး သုံးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ မိုဒီဟာ နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ပုဂံရှေးဟောင်းဒေသ ကိုလဲ သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။

၃ ။ နိုင်ငံရေးပါတီထူထောင်တာ ၈၈ ငြိမ်း/ပွင့် နှစ်ခြမ်းကွဲတာမဟုတ်ဘူးလို့ ဦးကိုကိုကြီး ထပ်ပြော

အသစ်ထူထောင်မယ့် နိုင်ငံရေးပါတီမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က လူပုဂ္ဂိုလ် အချို့ ဦးဆောင်ပါဝင်နေပေမယ့် နှစ်ခြမ်းကွဲထွက်သွားတာမဟုတ်ဘူးလို့ ဦးကိုကိုကြီးက ထပ် မံ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နယ် ကွန်ရက်တွေ လေးကြိမ်မြောက် စုံညီတွေ့ဆုံဆွေးနွေးပွဲအပြီး မှာ သတင်းမီဒီယာကို ပြောခဲ့တာပါ။
အသစ်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးပါတီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ရဲဘော် ရဲဘက်တွေဖြစ်ပြီး နှစ်ခုစလုံး ကြီးထွားရှင်သန်ဖို့ လိုတယ်လို့ လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ပါတီသစ်အတွက် မှတ်ပုံတင်ဖို့ လုပ်ငန်းတွေလုပ်နေပြီးလာမယ့် အောက်တိုဘာလထဲမှာတော့ ပါတီ ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲတစ်ခု လုပ်ဆောင်သွား ဖို့ လည်းရှိနေတယ်လို့သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ်အချို့ဦးဆောင်ပါဝင်မယ့် အဲဒီ ပါတီသစ်ကိုတော့ ၂၀၁၈ အစပိုင်းမှာ အသက်ဝင်လာဖို့ ကြိုးစားနေတာပါ။

၎။ အာရ်မာဟာရီကိန်း ကာရေဘီယန် ဒေသကို ဖြတ်ကျော်ပြီး အမေရိကန်ကို ဦးတည်နေ

ဟာရီကိန်း မုန်တိုင်း အာရ်မာ ဝင်ရောက်တိုက်ခတ်မှုကြောင့် ကာရေဘီယန် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တိုင်းတာတွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး Category Five ဟာရီကိန်းကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အာရ်မာဟာ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ စိန့်မာတင်၊ ပွာတိုရီကို အစရှိတဲ့ ကျွန်းတွေကို ဖြတ်သန်းပြီး မက္ကဆီကို ပင်လယ်ကွေ့ဘက်ကို ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၈၅ မိုင်ထိ ပြင်းထန်တဲ့ မုန်တိုင်းကြီးကြောင့် ကာရေဘီယန် ကျွန်းနိုင်ငံတွေမှာ အနည်းဆုံး လူ ၇ ဦးသေပြီး ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးတော့ တိုက်တာ အဆောက်အအုံတွေလည်း ပြိုကျခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းက အမေရိကန်နိုင်ငံ အရှေ့ပိုင်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ့် အလားအလာ ရှိနေပြီး ဖလော်ရီဒါမှာ အရေးပေါ် အခြေအနေ ကြေညာထားသလို မီယာမီမှာလည်း မုန်တိုင်းမဝင်ခင် ကမ္ဘာလှည့် ခရီးသည်တွေ ပြန်လည် ထွက်ခွာနေကြပါတယ်။

အာရ်မာအပြင် လတ်တလော အခြေအနေအရ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ နောက်ထပ် ဟာရီကိန်းမုန်တိုင်းနှစ်ခု ရွေ့လျားနေဆဲလို့လည်း မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37