Skip to playerSkip to main content
  • 8 years ago
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦး ဖမ်းခံထားရတဲ့ ရနောင်းလူသတ်မှု ရုပ်သံ မှတ်တမ်းကို ထုတ်လွှင့်ပေးဖို့ အတွက် အဲဒီ့မှတ်တမ်းဖိုင်ကို အစိုးရကို ပေးသွားမယ်လို့ သိရပါတယ်။ အဲဒီရုပ်သံမှတ်တမ်းဖိုင်ကို ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က ထုတ် လုပ်ထားတာပါ။

ရုပ်သံမှတ်တမ်းကို အမေ့လျော့ခံ ရနောင်းလူသတ်မှုဓားစာခံများလို့ အမည်ပေးထားတာဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်လွှင့်ပေးဖို့ အစိုးရကို ပေးသွားမှာဖြစ်ပေမယ့် ထုတ်လွှင့်မှု မရှိပါကလည်း လူမှုကွန်ယက်တွေ၊ ပုဂ္ဂလိက ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပေးဖို့ ဆောင်ရွက်မယ်လို့ ဦးထူးချစ်ကဆိုပါတယ်။

၂၀၁၅ခုနှစ် စက်တင်ဘာလက ရနောင်းမြို့မှာ ထိုင်း-မြန်မာ ကပြား အသက်(၁၆)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ့လူသတ်မှုကြောင့် ရနောင်းမြို့မှာ ငါးဖဖ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားလေးဦး ဖဖ်းဆီးခံထားရတာပါ။

၂၀၁၅ခုနှစ်ထဲက ဖြစ်ပေါ်ခဲ့တဲ့ အဲဒီ့လူသတ်မှုဟာ လက်ရှိအချိန်ထိ အမိန့်မချရသေးဘဲ ရုံးချိန်းပေါင်း အကြိမ်နှစ်ဆယ်ကျော် ရှိပြီလို့လည်း သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ၇ရက်မှာတော့ FED အနေနဲ့ အဲဒီ့ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37