Skip to playerSkip to main content
  • 9 years ago
ပွဲဦးထွက်မှာ ရလဒ်မကောင်းခဲ့တာကြောင့် လာမယ့်ပွဲတွေမှာတော့ မဖြစ်မနေအနိုင်ရအောင် ကစားဖို့လိုသွား ပြီလို့ မြန်မာ ယူ ၁၈ အသင်းရဲ့ နည်းပြက ပြောလိုက်ပါတယ်။

အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး မနေ့က မြန်မာ အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ရာမှာ မြန်မာအသင်းက နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးခဲ့တာပါ။ အဲဒီပွဲမှာတော့ ကစားသမားတွေဟာ နည်းပြပြောတဲ့အတိုင်း လိုက်မကစားနိုင်တဲ့အပြင် ကစားသမားတွေမှာ ဖိအားတွေလည်းရှိနေတယ်လို့ မြန်မာ ယူ ၁၈ အသင်းရဲ့ နည်းပြက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မြန်မာအသင်းဟာ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်းအသင်းတို့ ဆက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေမှာလဲ အနိုင်ရဖို့ လိုအပ်နေပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အင်ဒိုအသင်းရဲ့ တိုက်စစ် ဆင်မှုကို မထိန်းထားနိုင်ဘဲ နှစ်ဂိုးဆက်တိုက်ပေးခဲ့ရတာပါ။ အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၄ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ကာ မြန်မာအသင်းအပါအဝင် ၁၁ သင်းဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

အုပ်စုခွဲဝေမှုအရ မြန်မာအသင်းဟာ အုပ်စု (ခ ) မှာ ပါဝင်ပြီး ဗီယက်နမ် ၊ ဘရူနိုင်း ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ရုပ်သံသတင်းထောက် - ကျော်ဇင်ထွန်း

Category

🗞
News
Comments

Recommended