Skip to playerSkip to main content
  • 8 years ago
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို မြန်မာအစိုးရနဲ့ထပ်တူ စိုးရိမ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ မိုဒီက စက်တင်ဘာ ၆ ရက်မှာ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ရခိုင်အရေးအပေါ် ထုတ်ဖော် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ မိုဒီက အခုကိစ္စမှာ မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရရဲ့ ရပ်တည်ချက်ကို အားလုံးက လေးစားဖို့ လိုကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်နေမှုကို ချီးကျူးစကား ဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုကို ထောက်ခံ ကူညီနေတဲ့အတွက် အိန္ဒိယကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

နိုင်ငံတကာရေးရာ လေ့လာသူတွေက မိုဒီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့အပြင် တရုတ်ရဲ့ ဩဇာဖြန့်ကျက်မှုကို တန်ပြန်ဖို့ အတွက်ပါ အရေးကြီးကြောင်း သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးကဏ္ဍက ပိုမိုအားကောင်းလာသလို အပြန်အလှန် ကုန်သွယ်စီးဆင်းမှုတန်ဖိုး ဒေါ်လာ ၂.၂ ဘီလီယံထိ မြင့်တက်လာပေမယ့် မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ စီးပွားရေး ပရောဂျက်တွေ ရင်းနှီး မြှုပ်နှံနိုင်မှုက နှေးကွေးနေဆဲ ဖြစ်ပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37