Skip to playerSkip to main content
  • 8 years ago
ဒီကနေ့ 7Day TVရဲ့ Street Food အစီအစဉ်ကနေ တင်ဆက်ပေးချင်တာကတော့ မာလာဟင်းကောင်းကောင်း စားချင်သူတွေ အတွက် ရန်ကုန်မြို့ ၁၂ လမ်းထဲက စိန်မူဆယ် ရှမ်းရိုးရာ အစားအစာအဆိုင်ပါ။ ရှမ်းအစားအစာ အမယ်ပေါင်း ၃၀ လောက် ရောင်းချပေမယ့် ၊ မာလာဟင်း ၊ ရှမ်းခေါက်ဆွဲ နဲ့ ဆန်စေးကတော့ ဆိုင်မှာ အရောင်းအရဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ ။

ရယ်ဒီမိတ် မာလာဟင်းနှစ် ထုတ်ကို မသုံးဘဲ ကိုယ်တိုင်ချက် မြေပဲ နှစ်နိုင်နိုင်နဲ့ မာလာဟင်းနှစ်ကြောင့် သူ့ဆိုင်ရဲ့ မာလာဟင်းအရသာက ပိုမိုပေါ်လွင်နေတာလို့သိရပါတယ်။

ဒီစိန်မူဆယ် ဆိုတဲ့ နာမည်နဲ့ ရန်ကုန်မှာ ရောင်းချလာတာ ၁၅ နှစ်ကျော်ကာလရှိပြီမို့ သူ့ဆိုင်ရဲ့ ဖောက်သည်ကလည်း အခိုင်အမာ လို့ ပြောလို့ရပါတယ်။

အရင်က လသာမြို့နယ် ၂၂ လမ်းထိပ် ၊ အနော်ရထာ လမ်းပေါ်မှာ လမ်းဘေး ဈေးဆိုင်အဖြစ်ရောင်းချခဲ့ရာကနေ ၊ အဆင်ပြေ တိုးပွားလာလို့ အခုဆိုရင် ၁၂ လမ်းထဲမှာ အတန်အသင့်ကျယ်ဝန်းတဲ့ ဆိုင်ကလေးနဲ့ ဝန်ဆောင်မှုပေးရောင်းချနေပါပြီ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News
Comments

Recommended