Skip to playerSkip to main content
  • 9 years ago
မော်ဒယ်လ်သန္တာလှိုင်ရဲ့ အသက် (၄၀)ပြည့်မွေးနေ့ အမှတ်တရအဖြစ် ဒီကနေ့ လှော်ကားဥယျာဉ်မှာ သန္တာလှိုင်ရဲ့ ပရိသတ်တွေ နဲ့အတူ ကျွန်းပင်တစ်ထောင် သွားရောက်စိုက်ပျိုးခဲ့ပါတယ်။

သန္တာလှိုင်ရဲ့ အသက်(၄၀)ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်ခဲ့တာဖြစ်ပါတယ်။ သန္တာလှိုင် အနေနဲ့ သစ်ပင်တွေစိုက်ပျိုးဖို့ အရင်ကတည်းက စိတ်ကူးရှိသလို သူမရဲ့ အသက်လေးဆယ်ပြည့်မွေးနေ့မှာတော့ အကောင်အထည်ဖော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ထူး ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့အတူ လှော်ကားဥယျာဉ်ဝင်းထဲမှာ ကျွန်းပင်တစ်ထောင်ကို ကိုယ်တိုင်ကိုယ်ကျပါဝင်စိုက်ပျိုးခဲ့ပြီး နောက်ထပ် လူသားအကျိုးပြုနိုင်မယ့် ကိစ္စတွေကိုလည်း ဆက်လုပ်သွားမယ်လို့ သန္တာလှိုင်က ပြောပါတယ်။

သန္တာလှိုင်ဟာ မော်ဒယ်လ်လောကထဲကနေ ဆယ်စုနှစ် တစ်ခုကျော်ပျောက်ကွယ်သွားခဲ့ပြီးမှ အနုပညာအလုပ်တွေကို တစ်ဖန်လှုပ်ရှားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာ Gym ကစားချင်သူအတွက် Workshop တစ်ခုလည်း တည်ထောင်ထားသလို သူမကိုယ်တိုင်ပါဝင်ပြီး သင်ကြားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Comments

Recommended