Skip to playerSkip to main content
  • 8 years ago
လှိုင်သာယာစက်မှုဇုန်က ခြေအိတ်စက်ရုံမှာ အလုပ်သမား နှစ်ရာကျော်ကို အလုပ်ထုတ်လိုက်တဲ့ အပေါ် အထုတ်ခံရတဲ့ အလုပ်သမားတွေက ဒီကနေ့ စက်တင်ဘာလ ၁ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ် ပစ်လိုက်တာကြောင့် ညှိနှိုင်းတောင်းဆိုမှု တွေကို စက်ရုံနဲ့ ပြုလုပ်နေစဉ်မှာ အလုပ်သမားတွေက အလုပ်မဆင်းကြဘူးလို့ ဆိုကြပါတယ်။

အဲဒီလို သုံးရက်ဆက်တိုက် ခွင့်မဲ့ပျက်ကွက်တာကြောင့် ဆန္ဒအလျောက် အလုပ်ထွက်တယ်လို့ ယူဆပြီး ထုတ်ခဲ့တာလို့ အထုတ်ခံရတဲ့ အလုပ်သမားအချိုက ပြောပါတယ်။ ခြေအိတ်စက်ရုံက အလုပ်သမား ၂၁၈ ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်က အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာတော့ စက်ရုံရှိရာ လှိုင်သာယာမြို့နယ် အတွင်းက ကျန်စစ်သားလမ်းကနေ လှိုင်သာယာအားကစားကွင်းအထိ ဆိုင်းဘုတ်ကိုင် စီတန်းလမ်းလျှောက် ကြွေးကြော်ဆန္ဒပြကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့တဲ့သူဦးရေကတော့ နှစ်ရာ ဝန်းကျင် ရှိပါတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်တာတွေနဲ့ပတ်သက်ပြီး စက်ရုံဘက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ စက်ရုံတာဝန်ခံ မန်နေဂျာရဲ့ တယ်လီဖုန်းစက်ပိတ်ထားတဲ့အတွက် မေးမြန်းခွင့်မရခဲ့ပါဘူး။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37