Skip to playerSkip to main content
  • 8 years ago
ရန်ကုန်တိုင်းဒေသကြီးမှာ ဒီဘဏ္ဍာရေးနှစ်အတွက် ငွေကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံးစွဲဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ၁ရက်မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို ဝန်ကြီးက ရှင်း လင်းတင်ပြခဲ့တာပါ။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးစွဲဖို့ မူလကခွင့်ပြုထားတာက ငွေကျပ် ၄၂၄ ဘီလီယံဖြစ်ပါတယ်။ ယခု ၄၇.၆ဘီလီယံ ထပ်တိုးသုံးစွဲဖို့ လျာထားတဲ့ အတွက် စုစုပေါင်း သုံးစွဲမယ့်ငွေက ၄၇၁ ဘီလီယံ ကျော်ဖြစ် ပါတယ်။

လမ်းတွေဖောက်ဖို့သုံးစွဲမှုအပြင် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဗဟိုအဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရအဖွဲ့ရုံး၊ လွှတ် တော်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ဥပဒေချုပ်ရုံးတွေကလည်း တိုးတက်ပြီးသုံးစွဲနိုင်ဖို့ လျာထားတယ်လို့သိရပါတယ်။ အဲဒီ့လျာထားချက်တွေကို ဒီကနေ့မှာဝ န်ကြီးက တင်ပြတာဖြစ်ပြီး စက်တင်ဘာ၅ရက်မှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ လျာထားချက်နဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37