Skip to playerSkip to main content
  • 8 years ago
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆီးဂိမ်း စတင်ဖို့ ၁၁ ရက်ပဲ လိုပါတော့တယ်။

ဆီးဂိမ်းမှာ သွားရောက်ယှဉ်ပြိုင်မယ့် မြှားပစ်အားကစားနည်းမှာ မြန်မာ့လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ အောင်ငှိမ်း အပါအဝင် လက်ရွေးစင်ကစားသမားတွေ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြှားပစ် အားကစားသမားတွေဟာ ဆီးဂိမ်းပြိုင်ပွဲ သုံးကြိမ်းမှာ နိုင်ငံအတွက် ရွှေ (၄) ခု၊ ငွေ (၄) ခု၊ ကြေး ၁၂ ခု ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၁၉ ရက်ကနေ စတင်ကျင်းပမှာပါ။

ကစားနည်းစုစုပေါင်း ၃၈ မျိုးမှာ မြန်မာနိုင်ငံက ကစားသမားတွေဟာ ကစားနည်း ၂၉ မျိုးမှာပါဝင်ကစားဖို့ လျာထားတယ်လို့ သိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ့် ကစားနည်းအလိုက် ကစားသမားတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို 7Day TV ကနေ နေ့စဉ် မွန်းလွဲ ၁ နာရီ တိုင်းမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ကင်မရာ-ဖိုးအောင်

Category

🗞
News
Comments

Recommended