Skip to playerSkip to main content
  • 8 years ago
ပညာရေးဝန်ထမ်း ခန့်ထားပေးဖို့နဲ့ ပတ်သက်ပြီး တောင်းဆိုထားတဲ့ တောင်းဆိုချက်သုံးချက်ကို အပြည့်အဝ ဖော်ဆောင်ပေးဖို့ ဒီကနေ့ သြဂုတ်လ ၆ ရက်က ရန်ကုန်မှာ ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက ဖဲကြိုးစိမ်းရင်ထိုးတွေ ဝတ်ပြီး ဆန္ဒဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်က ကျောင်းဆင်း၊ သင်တန်းဆင်းတွေကို ပညာရေး ဝန်ထမ်းအဖြစ် ခန့်ထားရေးမှာ လုပ်ငန်းခွင် ဝင်ရောက်ရမယ့်နေ့ရက်ကို တိတိကျကျ တရားဝင် ထုတ်ပြန်ပေးဖို့၊ ပညာရေးဝန်ထမ်း ခန့်ထားဖို့ နှောင့်နှေးမှုတွေကြောင့် ဆက်လက်ပညာသင်ကြားခွင့်နဲ့ ဝန်ထမ်းလုပ်သက် နစ်နာသူတွေကို ဝန်ထမ်းလုပ်သက်တွေ အဖြစ်ထည့်သွင်းတွက်ချက်ဖို့ စတာတွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ဖို့ အရင်က စာရင်းပေးသူ ၁၅၀ ရှိခဲ့ပေမယ့် တကယ်တမ်း ပါဝင်ခဲ့သူအရေအတွက်က ဝန်းရံသူတွေ အပါအဝင် လူငါးဆယ်နီးပါးခန့်သာ ပါဝင်ခဲ့ကြတယ်လို့ သိပါတယ်။

ဒီတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ရန်ကုန်မြို့ရဲ့ မြန်မာသတင်းသမားများကွန်ရက် ရုံးခန်းမှာ ရန်ကုန်ပညာရေး ကတ္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ စစ်ကိုင်းပညာရေး တက္ကသိုလ် အပတ်စဉ် (၁၂) ဆင်း ကျောင်းသားကိုယ်စားလှယ်တွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ နောက်လာမယ့် အခြေခံပညာရေး ပညာသင်နှစ်က စပြီး ပညာရေး တက္ကသိုလ်နဲ့ ကောလိပ်တွေက သင်တန်းဆင်းမယ့် ဆရာ၊ ဆရာမ လောင်းလျာတွေအတွက် ပညာသင်နှစ်မစတင်မီ လုပ်ငန်းခွင် အချိန်မီဝင်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37