Skip to playerSkip to main contentSkip to footer
  • 8 years ago
ပျဉ်းမနားမြို့ အေးငြိမ်ချမ်းသာ ဘိုးဘွားရိပ်သာ တည်ထောင်သူ စိုးလျှပ်စစ်ကုမ္ပဏီဥက္ကဌ ဦးစိုးတင့် နေပြည်တော်ရှိ ကုတင်တစ်ထောင်စစ်ဆေးရုံမှာ ဒီကနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဦးစိုးတင့်က အသက် ၆၃ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာ အေးငြိမ်ချမ်းသာ ဘိုးဘွားရိပ်သာမှာ ကျန်ရှိတဲ့ ရုပ်အလောင်းကိုထားရှိပြီး ဇွန်လ ၁၈ ရက်နေ့ နေလယ်ပိုင်းမှာ သဂြိုင်္ဟ်သွားမယ်လို့ သိရပါတယ်။

ဦးစိုးတင့်ကို ပျဉ်းမနားမြို့မှာ လမ်းဘေးဈေးသည်တွေနဲ့ ဆိုက်ကားနင်းသူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ပရဟိတသမားလို့ လူသိများကြပါတယ်။

ဒါ့အပြင် ပျဉ်းမနားမြို့ထဲက လမ်းတံတားတွေနဲ့ ဆွမ်းလောင်းဓမ္မာရုံတွေကိုလည်း လှူဒါန်းထားသူဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended

15:37