Skip to playerSkip to main content
  • 8 years ago
ဒီနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ပြည်နယ်နဲ့တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေကတဆင့် လျှောက်ထားနိုင်အောင် လုပ်ဆောင်တော့မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနမှ သတင်းရရှိပါတယ်။ အရင်နှစ်တွေက တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီးဌာနကို တိုက်ရိုက်ပေးပို့ရတာ ဖြစ်တဲ့ အတွက် လျှောက်လွှာတွေ အချိန်မီမရောက်လာတဲ့ အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်(၁၇)ခုမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေ တင်နိုင်ဖို့ ကနဦးအနေနဲ့ လျာထားပြီး လျှောက်လွှာ တင်လို့ရမယ့် တက္ကသိုလ် အရေအတွက် တိုးလာနိုင်ခြေရှိတယ်လို့လဲ သိရပါတယ်။ လျှောက်ထားလာတဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက စုစည်းပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကိုသြဂုတ်လ(၁)ရက်နေ့ကစပြီး သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေနဲ့ ကျောင်းအုပ်ကြီးတွေဆီမှာ ထုတ်ယူနိုင်မှာဖြစ်ပြီး သြဂုတ်လ(၁၇)ရက်ကနေ (၃၁)ရက်နေ့အထိ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37