Skip to playerSkip to main contentSkip to footer
  • 8 years ago
ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ သေနတ်သမား ကြည်လင်းအပါအဝင် တရားစွဲခံထားရသူ ငါးဦးကို ဒီနေ့ ဇွန်လ ၁၆ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်တရားရုံးမှာ ၁၁ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင် နေထိုင်ရာ ဒေါပုံမြို့နယ် က ရှာဖွေသက်သေ ၄ ဦးကို စစ်ဆေးခဲ့တာ ပြုလုပ်တယ်လို့သိရပါတယ်။


၁၁ ကြိမ်မြောက် ရုံးချိန်းမှာ ကြားနာတဲ့ သက်သေ ၄ဦး ဖြစ်ပြီး သက်သေထဲကတစ်ဦးဖြစ်တဲ့ ရဲမှူး ဦးတင်မောင်ထွေးက သက်သေထွက်ဆိုရာမှာ တရားရုံးကို တင်သွင်းရမယ့် စာရွက်စာတမ်းအသင့် မဖြစ်သေးတဲ့အတွက် ရုံးချိန်းကို ဇွန်လ ၂၆ ရက်ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုခံထားရ တဲ့ဘက်က ရှေ့နေ့ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်ပစ် လုပ်ကြံခံခဲ့ရပြီးနောက် ဆယ်ရက်ကျော်အထိ အောင်ဝင်းခိုင်ဟာ နေပြည်တော်တ၀ိုက်မှာ ရှိနေခဲ့တာ ဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ဇွန်လ ၉ ရက်ရုံးချိန်းမှာ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောခဲ့ပါတယ်။


ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ။

Category

🗞
News

Recommended

15:37