Skip to playerSkip to main content
  • 8 years ago
ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီလထဲမှာ ဂီတဘက်ကို ဦးစားပေး လှုပ်ရှားဖြစ်နေပါတယ်။ သူ့ပရိသတ်တွေအတွက် သီချင်းခွေအသစ် ဖန်တီးနေတာဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ဆိုနေကျပုံစံတွေအပြင် ပရိသတ်တွေ အတွက် ဘယ်လိုသီချင်းတွေ သယ်ဆောင်လာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

မန္တလေးမှာ ရှိုးပွဲဖျော်ဖြေပြီး ကတည်းက ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် အနေနဲ့ အခွေအသစ်နဲ့အတူ ပြန်လည်ရောက်ရှိလာဦးမှာဖြစ်ပါတယ်။ လတ်တလောမှာ ဇာတ်ကားရိုက်ကူးမှုတွေ ခဏရပ်နားထားပြီး ဒီမိုးတွင်းမကုန်ခင်မှာ ပရိသတ်တွေ အတွက် သီချင်းအသစ်တွေ ခံစားနိုင်ဖို့ ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37