Skip to playerSkip to main contentSkip to footer
  • 8 years ago
တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Cosmetic အတွက် တက္ကသိုလ်ကျောင်း အသီးသီးမှာ Queen တွေ ထပ်ရွေးဦးမယ်လို့ သိရပါတယ်။ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် အနေနဲ့ တက္ကသိုလ်ကျောင်း အသီးသီးက Queen ၁၂ယောက်နဲ့ Sai Cosmetic တွေကို ကြော်ငြာခဲ့ပြီး ထူးခြားတဲ့ တင်ဆက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း စိုင်းစိုင်းခမ်းလှိုင် အနေနဲ့ နောက်ထပ် နာမည်ကြီး Queen သုံးယောက်ကို ထပ်မံရွေးချယ်မှာဖြစ်ပါတယ်။ Sai အလှကုန်ပစ္စည်းတွေအပြင် နောက်ထပ်ပစ္စည်းအသစ်မှာပါ လက်တွဲသွားမှာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai အလှကုန်ပစ္စည်းကြော်ငြာမှာ ပါဝင်ချင်တဲ့ ကျောင်းသူတွေ အနေနဲ့ Sai Cosmetic Page ကို ဇွန်လ ၁၆ ရက် နောက်ဆုံးထားပြီး ဓာတ်ပုံပေးပို့ရမှာဖြစ်ပါတယ်။ Sai အလှကုန်အဖွဲ့ အနေနဲ့ စကာတင်ရွေးချယ်ထားတဲ့ Queen အယောက် သုံးဆယ်ကို ရွေးချယ်ဖော်ပြသွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့ Like & Reacted တွေကနေ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- အေးမြတ်

Category

🗞
News

Recommended

15:37