Skip to playerSkip to main content
  • 9 years ago
စပိန်နိုင်ငံ၊ မက်ဒရစ် မြို့တော်မှာ ဝတ်လစ်စားလစ်နဲ့ စက်ဘီးစီးသူတွေ ရာနဲ့ချီပြီး စုရုံး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

၁၄ ကြိမ်မြောက် ကမ္ဘာ့ ဝတ်လစ်စားလစ် စက်ဘီးစီးခြင်း အစီအစဉ်အတွက် လုံခြုံရေး မြှင့်တင်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။ ဒီအစီအစဉ်ကျင်းပ ပြုလုပ်ချိန်မှာ စက်ဘီးစီးသူတွေ လုံခြုံရေးကို အာဏာပိုင်တွေက ကူညီ တာဝန်ယူဖို့၊ လမ်းမတွေပေါ်က ကားသမားတွေ အနေနဲ့လည်း အစီအစဉ်အပေါ် တလေးတစား သဘောထားဖို့ ဆန္ဒပြ စက်ဘီးသမားတွေက တောင်းဆိုကြပါတယ်။

Category

🗞
News
Comments

Recommended