Skip to playerSkip to main contentSkip to footer
  • 8 years ago
သွေးလွန်တုပ်ကွေးရောဂါဟာ ရာသီမရွေးဖြစ်ပွားနိုင်ပြီး မိုးရာသီမှာတော့ ခြင်အဓိကပေါက်ပွားတာမို့ ပိုမိုသတိရှိဖို့နဲ့ ကာကွယ်နိုင်ဖို့လိုအပ်နေပါတယ်။

ကုသဖို့နှိမ်နင်းတယ်ဆိုတာထက် ကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်ရေးကိုသာ အဓိကလုပ်ဆောင်နိုင်ပြီး ၊ လောက်လန်းနှိမ်နင်းရေးက အထိရောက်ဆုံးကာကွယ်မှုလို့ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဝင်းလွင်က ဆိုပါတယ်။


သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်လာတဲ့ခြင်ကတစ်ဆင့် ကူးစက်မှုမြန်ဆန်ပြန့်နှံ့ နိုင်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေ့ရှိရတဲ့ ရပ်ကွက်တွေကို တိုင်းကျန်းမာရေး ကဦးစီးပြီး ခြင်ဆေးမှုတ်လေ့ရှိပါတယ်။

ဒါကလည်း ဆေးမှုတ်လိုက်လို့ အန္တရာယ် ကင်းပြီလို့ယူဆလို့မရကြောင်းကိုလည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာခင်နန်းလုံ က ပြောပါတယ်။

၂၀၁၅ ခုနှစ်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြန်မာနိုင်ငံမှာ စံချိန်တင်ခဲ့ပြီး ၊ အဖြစ်အများဆုံး တိုင်းဒေသကြီးကတော့ စစ်ကိုင်းတိုင်းဒေသကြီးလို့သိရပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးက အဖြစ်အများဆုံးတိုင်းဒေသကြီးဖြစ်လာဖွယ်ရှိပြီး ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ မေလ ၃၀ ရက် အထိ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရြ မို့နယ် ၉ မြို့နယ်မှာ တစ်မြို့နယ် ၁ ဦးနှုန်းနဲ့ ၉ ဦးသေဆုံးခြဲ့ ပီးဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားမှုအများဆုံးမြို့နယ်တွေကတော့ လှိုင်သာယာမြို့နယ်နဲ့ဆိပ်ကြီးခနောင်တိုမြို့နယ် လို့သိရပါတယ်။

ရုပ်သံသတင်းထောက်- ခင်ဝိုင်းဖြူဖြူ

Category

🗞
News

Recommended

15:37