Skip to playerSkip to main contentSkip to footer
  • 8 years ago
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ လေးဦးကို ဒီနေ့မှာ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲမရောက်ရှိသေးတဲ့အတွက် လာမယ့် မေလ ၂၆ ရက် သောကြာနေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အခု ရုံးထုတ်စစ်ဆေးမှုဟာ ခုနှစ်ကြိမ် မြောက် ဖြစ်ပြီး လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ တိုင်းတရားရုံးကို တင်ပြထားတဲ့ အမှုတွဲ မကျရောက်လာသေးတဲ့အတွက် မြောက်ပိုင်း ခရိုင်တရားရုံး က အမှု မစစ်ဆေးနိုင်သေးတာ တွေ့ရပါတယ်။ ဦးကိုနီ လုပ်ကြံခံရမှုမှာ လက်နက်မှုအတွက် တရားလိုပြ သက်သေ ရှစ်ဦး တင်သွင်းထားပြီး အမှုကြီးအတွက်တော့ တရားလိုပြသက်သေ အယောက် ၈၀ တင်သွင်းထားပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းမှာ ပြည်ပခရီးစဉ်က နေပြန်လာတဲ့ ဦးကိုနီဟာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် အနီးမှာ သေနတ်သမားရဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရတာပါ။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended

15:37