Skip to playerSkip to main content
  • 8 years ago
မအူပင်မြို့ဟာမြို့ကျဉ်းလေးတစ်ခုဖြစ်ပေမယ့် ဧရာဝတီတိုင်းဒေသကြီးကမြို့နယ်တွေနဲ့ ကျေးရွာအတော်များများရဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာသင်ကြားရာ တက္ကသိုလ် တွေ အများအပြားလည်း ရှိပါတယ်။ အဝေးသင်ကျောင်းသား၊နေ့တက်ကျောင်းသား၊အင်ဂျင်နီယာကျောင်း၊ကွန်ပြူတာတက္ကသိုလ်တွေမှာလာတက် ရောက်နေကြတဲ့ နယ်စုံကကျောင်းသားတွေ ဟာ ဆယ်ကျော်သက် လူငယ်တွေပါ။ ဒီလို လူငယ်တွေဟာ စူးစမ်းလိုစိတ်များတဲ့အရွယ်တွေဖြစ်နေတဲ့အတွက် အမှား အမှန် အရာရာတိုင်းဟာ လက်တစ်ကမ်းမှာရှိနေတာပါ။

လက်ရှိမအူပင်မြို့မှာ နာမည်ကြီးနေတာကတော့ ခိုးမှု၊လုယက်မှုတွေနဲ့စပ်ဆက်နေတဲ့မူးယစ်ဆေးသုံးစွဲမှု ပြသာနာပါပဲ။ ဆေးတွေအလွယ်တကူ ဈေးပေါပေါ ရတဲ့အတွက် သုံးစွဲနေမှုတွေပါ မကြာခဏမြင်တွေ့လာကြရပြီး သည်လိုရောင်းချသူတွေရဲ့ စီးပွားရေးဈေးကွက် က မအူပင်ဖြစ်နေပြီလို့ လူမှုအကျိုးဆောင် လုပ်ငန်းတွေလုပ်ကိုင်နေသူ ကိုသန်းထိုက်အောင်က ဆိုပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းလောက်က မအူပင်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်တဲ့ဆေးပြားရောင်းတဲ့သူတွေကို ဖမ်းဆီးရမိနိုင်အောင် လူမှုအဖွဲ့အစည်းတွေ ကပူးပေါင်းပါဝင်ကူညီခဲ့ကြပါတယ်

တကယ်တော့ ဒီလို ဖမ်းဆီးနေရုံနဲ့မပြီးသလို အမြစ်မဖြတ်နိုင်ဘူး၊ မြေလှန်မပစ်နိုင်ဘူးဆိုပြီး ယုံကြည်မှုမဲ့နေတဲ့ ကိုသန်းထိုက်အောင်ကတော့လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီးရပ်ကွက်တိုင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်လို့ ကမ်ပိန်းတွေပြုလုပ်ဖို့၊နောက်ပြီးဆရာဝန်တွေနဲ့ဆေးပညာရှင်တွေပါဝင်တဲ့အဖွဲ့ကလည်းဆေးသုံးနေတဲ့လူငယ် တွေ ဆေးဖြတ်နိုင်ဖို့ ကူညီတာ ၊ ဆွေးနွေးပညာပေးတာတွေကို မိဘတွေပူးပေါင်းလုပ်ဆောင်သွားဖို့တွေလည်း တိုင်ပင်နေကြပါပြီ။

ရုပ်သံသတင်းထောက် -ခင်ဝိုင်းဖြူဖြူ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37