ပြောင်းလဲမယ့်ကျောင်းကားစနစ်မှာအစိုးရကတင်သွင်းထားတဲ့ကားတွေဝယ်ပြီးပြေးဆွဲရမယ်ဆို ရင်ဒီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်တော့မှာမဟုတ်ဘူးလို့လက်ရှိကျောင်းကားဖယ်ရီပြေးဆွဲနေသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ယခုနှစ်ကျောင်းဖွင့်ရာသီမှာကျောင်းကားစနစ်ကိုပြောင်းလဲပြေးဆွဲဖို့စီစဉ်နေတဲ့ အချိန်မှာ ဖယ်ရီ ပြေးဆွဲနေတဲ့သူတွေက ဒီလိုပြော လာကြတာလည်း ဖြစ် ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရကတော့ ကျောင်းကားပြေးဆွဲဖို့အတွက်ကို ရီးယားနိုင်ငံထုတ်ကား အစီးနှစ်ရာကျော်ကိုဝယ်ယူပြေးဆွဲမယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့မှာယာဉ်ကြောကျပ်တည်းမှုဖြေရှင်းဖို့နဲ့ ကလေးတွေကိုယ့်အားကိုယ်ကိုးတတ်ဖို့ဆိုပြီး ကျောင်းကားစနစ်ကိုပြောင်းလဲမှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Comments