Skip to playerSkip to main content
  • 9 years ago
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ညွှန်ကြားချက်အရ မင်္ဂလာဈေးဝင်းထဲမှာ ဖွင့်လှစ်ခဲ့တဲ့ ကေတီဗီနဲ့ ဖျော်ဖြေရေးဆိုင်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။ကေတီဗီလုပ်ငန်းနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ဧပြီလ ၂၆ ရက် နောက်ဆုံးပြောင်းရွှေ့ဖို့ ညွှန်ကြားထားပြီး လက်ရှိ ဧပြီ ၂၅ ရက် ညနေပိုင်း လေးနာရီခွဲအထိ ငါးဆယ်ရာခိုင်နှုန်း ပြောင်းရွှေ့နေပြီလို့ စုံစမ်းသိရှိရပါတယ်။ မင်္ဂလာဈေးဝင်းထဲမှာ ကေတီဗီနဲ့ ဖျော်ဖြေရေး လုပ်ကိုင်ခွင့် ရရှိထားသူ ၉ ဦး ရှိပြီး လုပ်ငန်း ရှစ်ခု ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေကို အစိုးရညွှန်ကြားချက်နဲ့ ဧပြီလ ၁၃ ရက်မှာ အပြီး လုပ်ငန်းရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး လုပ်ငန်းပိုင် ပစ္စည်းတွေ ဖယ်ရှားမှုကိုတော့ ဧပြီ ၂၆ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Comments

Recommended