Skip to playerSkip to main contentSkip to footer
  • 8 years ago
အခု နွေရာသီကနေမိုးတွင်းကာလကူးပြောင်းချိန်မှာ သွေးလွန်တုပ်ကွေး ခြင်ကျားရောဂါ အန္တရာယ်ကို ပြည်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ ရန်ကုန်ပြည်သူ့ဆးရုံ ဆေးရုံအုပ် ဒေါက်တာ ဦးအေးကိုကို က ပြောပါတယ်။

မိုးရာသီရောက်ပြီဆိုရင် သွးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြောင့် နှစ်စဉ် အသက်ဆုံးရှုံးတဲ့သူတွေရှိခဲ့တာတွေကြောင့် ဆောင်ရန်ရှောင်ရန်တွေကို သတိထားဆင်ခြင်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးအေးကိုကိုက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း သွေးလွန်တုပ်ကွေးရောဂါပညာပေးခြင်းတွေကို ကျေးလက်ဒေသတွေအထိ လိုက်လံအသိပညာပေးတာတွေ ဆောင်ရွက်နေမှုကြောင့် အရင်ကထက်စာရင် သေဆုံးမှုတွေ လျှော့နည်းသွားပေမယ့်လည်း သတိထားဖို့တော့ လိုအပ်နေသေးတာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာပြီးခဲ့တဲ့ နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂ ထောင်ကျော်ရှိပြီး၊ ၁၉ ဦးသေဆုံးခဲ့တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended

15:37