Skip to playerSkip to main content
  • 8 years ago
ဆက်သွယ်ရေးဥပဒေပုဒ်မဖြစ်တဲ့ ၆၆ ဃကို ပြင်ဆင်မှုတွေ ဒီမေလ လွှတ်တော်ပြန်စလို့ မလုပ်ဘူးဆိုရင် ၆၆ ဃ ပုဒ်မ ဖျက်သိမ်ရေး ပြင်ဆင်ရေး လှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်သွားမယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ဝင် မောင်ဆောင်းခ က ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကိုပြင်ဆင်သင့်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများဖျက်သိမ်းရန်ပြောဆို အကြံပြုမှုတွေရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဌရဲ့ ပြောကြားချက်အပေါ် ကြိုဆိုကြောင်းနဲ့ အမှန်တကယ် လက်တွေ့ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့လည်း မောင်ဆောင်းခက ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရပါက အာမခံမရသည့်အပေါ် မဖြစ်သင့်ကြောင်းနဲ့ ပြစ်ဒဏ်ပေးမှုသည်အရမ်းပြင်းထန်နေကြောင်းလည်း မောင်ဆောင်းခက ပြောပါတယ်။

အရင်အစိုးရလက်ထက်မှာတော့ ၆၆(ဃ)ဖြင့်တရားစွဲခံရမှု (၇)မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ(၅)မှုရှိခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ တရားရုံးတင် တရားစွဲဆိုခံရတဲ့ အမှုပေါင်း(၅၆)မှု ရှိနေပါတယ်။

၂ဝ၁၇ခုနှစ်၊ ဧပြီလ(၂ဝ)ရက်နေ့အထိကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် တရားရုံးတင်ပြီးတရားစွဲဆိုမှု စုစုပေါင်း(၆၃)မှု ရှိသွားပြီ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37