တပ်မတော် ရဲ့ ထောက်ပံ့မှုနဲ့ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၇ ရှုံးထွက်ပွဲစဉ် တွေကို ဒီကနေ့မှာ မဲနှိုက်ရေးဆွဲခဲ့ပြီး ၂၂သင်း ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ သတင်းရရှိပါတယ်။ လာမယ့် မေလ ၂ရက်က စပြီး အောင်ဆန်းအားကစားကွင်းနဲ့ သုဝဏ္ဏအားကစားကွင်းတို့မှာ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်တွေကို အဆင့်နှစ်ခု ခွဲခြားသတ်မှတ်ထားပြီး မြန်မာနေရှင်နယ်လိဂ်အသင်းတွေ ဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်၊ ဇွဲကပင်၊ ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူ နိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ရှမ်းယူနိုက်တက်၊ ဆောက်သမ်းမြန်မာအက်ဖ်စီ၊ ရတနာပုံအသင်းတို့က ဒုတိယအဆင့်က စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂၀၁၇ ရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိတဲ့အသင်းဟာ ဆုကြေးငွေ ကျပ် သိန်း ၃၀၀ ရရှိမည်ဖြစ်ပြီး ပွဲစဉ်တွေကို မြ၀တီရုပ်မြင်သံကြား (MWD) မှ တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းကတော့ မကွေးအက်ဖ်စီ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- မြတ်သီဟမောင်
Comments