ဂျန်းရှင်းစီးတီးရဲ့ ကလေးကစားကွင်း Kid Zone ကို စတုတ္ထထပ်မှာ ဒီနေ့ ဧပြီလ ၂၁ ရက်က ဖွင့်လှစ်လိုက်ပါတယ်။
ငါးနှစ် နဲ့ ၁၀ နှစ်ကြားကလေးငယ် တွေအတွက် ရည်ရွယ်တာဖြစ်ပြီး ကစားနည်း ၁၁ မျိုးကစားနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ကစားကွင်းဝင်ကြေးက ကလေး ၅၀၀၀ လူကြီး၁၅၀၀ ပါ။ လူကြီး အတွက် ရာဘာဘုပါတဲ့ ခြေအိတ်လေးတွေ က တစ်ခုကို ၁၅၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ
Comments