Skip to playerSkip to main contentSkip to footer
  • 8 years ago
မြို့ပြဖွံ့ဖြိုးမှုနဲ့အတူ လူဦးရေတိုးမြင့်ထူထပ်လာတာကို မြို့သစ်တွေမှာ အများစုမြင်တွေ့ရမှာဖြစ်ပါတယ်။ အရင်က လယ်ယာမြေ တွေ မှာ အခုဆိုရင် လူနေထိုင်ရာရပ်ကွက်တွေအဖြစ် လှိုင်သာယာ ၊ရွှေပြည်သာ၊ ဒဂုံမြို့သစ်တွေမှာ တွေ့မြင်ရတာပါ။ မြို့သစ်တွေအဖြစ်ဖော်ဆောင်ထားတဲ့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်သူ အခြေခံလူတန်းစား၊ လူလတ်တန်းစား စသဖြင့် လ ပိုင်း၊ နှစ်ပိုင်းအတွင်း လူနေအိမ်အိမ်ခြေတွေက ပြည့်တော့တာပါပဲ။

လမ်းပန်းဆက်သွယ်ရေးတွေကလည်း အဆင်ပြေတယ်လို့ ပြောမလို့မရတဲ့အနေအထားနဲ့ ဆိုင်ကယ်၊ စက်ဘီး တွေအသုံးပြုသွားလာကြရတယ်။ အရင်က ဆိုက္ကားနေရာတွေမှာ ဆိုင်ကယ် ကယ်ရီတွေလည်း သွားလာရေးအတွက် ခါတော်မီ စီးပွားအဖြစ် ပေါ်ပေါက်လာပါတယ်။

ရပ်ကွက်လမ်းတွေ ကောင်းမွန်ပေမယ့် ၊ အဲဒီရပ်ကွက်ကျယ်တွေထဲ ကားကတော့မရောက်ပါဘူး ။ ရွှေပြည်သာမြို့ နယ် ၊၁၈ ရပ်ကွက်၊ မြတ်လေးလမ်းကိုတော့ အဲသည့်ရပ်ကွက်မှာနေထိုင်သူတွေက ဝင်္ကဘာ ရပ်ကွက်လို့ခေါ်ကြပါတယ်။

Category

🗞
News

Recommended

15:37