Skip to playerSkip to main content
  • 8 years ago
မကွေးတိုင်း ရေနံချောင်းမြို့ပေါ်မှာ ဧပြီ ၂၂ ရက်က သုံးဘီးဆိုင်ကယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ရေနံချောင်းမြို့ပေါ်မှာတစ်လမ်းထဲသာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အခြားယာဉ်လိုင်းတွေ မောင်းနှင်ခွင့်ရှိပေမယ် သုံးဘီးဆိုင်ကယ်သမားတွေ မောင်းနှင်ခွင့်မရှိတာကြောင့်ဆန္ဒပြခဲ့ကြတာပါ။ အရင်က မောင်းနှင်ခွင့်ရှိခဲ့ပေမယ့် ဧပြီ ၁၀ ရက်ကစလို့ ယာဉ်ကြီးကြပ်ရေးကော်မတီက မောင်းနှင်ခွင့် ပိတ်ပင်ခဲ့တာလို့ ဆန္ဒပြဦးဆောင်သူ ကိုဇော်သက်ထွန်းကပြောပါတယ်။ ဆန္ဒပြသူတွေက လမ်းတိုင်းကို သုံးဘီးဆိုင်ကယ်တွေသွားလာခွင့်ရရှိရေး သုံးဘီးဆိုင်ကယ်များကြားခွဲခြားဆက်ဆံမှုမရှိရေး၊ ဥပဒေနှင့်မညီသောစည်းကမ်းချက်များ အလိုမရှိ၊ မောက်မာသောယာဉ်ကြီးကြပ်ရေးကော်မတီ ဖျက်သိမ်းရေး တို့ကိုကြွေးကြော်ခဲ့ကြတာပါ။ သုံးဘီးဆိုင်ကယ်အစီး နှစ်ဆယ်ကျော်က ရေနံချောင်းမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စီတန်းမောင်းနှင်ဆန္ဒပြခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက်- မိုးကျော်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37