Skip to playerSkip to main content
  • 8 years ago
အခုနှစ်သုံးလကျော်ကာလ အတွင်း ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ်ကိုးသိန်းအထက်သို့ မြင့်တက်ခဲ့မှုဟာ လေးကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ရဲ့ ပြည်တွင်းရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကိုးသိန်းတစ်ထောင်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၂၅၅ ဒေါ်လာပါ။ ခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာတဲ့ အတွက် မနေ့က ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခုနစ်ထောင်ထိ မြင့်တက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ရက်ပိုင်းအတွင်း တစ်အောင်စကို ၁၅ ဒေါ်လာ နီးပါး မြင့်တက်လာတာကြောင့် ပြည်တွင်းအခေါက် ရွှေဈေးကခုလိုတစ်ကျပ်သားကို ကျပ်ကိုးသိန်းကျော်ထိရောက်ရှိလာတာပါ။ လက်ရှိမှာတော့ ရွှေဝယ်မှုအတွက် အခွန်တွေကို ရွှေဆိုင်အချို့မှာ စတင်ကောက်ခံနေပြီဖြစ်တာကြောင့် အရောင်းအ၀ယ်အနေနဲ့ အနည်းငယ်လျော့နည်းသွားတယ်လို့ ပြည်တွင်းရွှေဈေးကွက်သတင်းတွေ အရ သိရပါတယ်။
ရုပ်သံသတင်းထောက် - သန်းဌေးအောင်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37