Skip to playerSkip to main content
  • 8 years ago
ရန်ကုန်မြို့ ယာဉ်သွားလာမှု အများဆုံးဖြစ်တဲ့ နေရာ (၅၆)နေရာက လမ်းတွေပေါ်မှာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို မနက်ဖြန်မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံယာဉ်လမ်းအန္တရယ်ကင်းရှင်းရေးအဖွဲ့(MORS)က ဦးစီးလုပ်ဆောင်တာဖြစ်ပါတယ်။ ယာဉ်မောင်းသူတွေ၊ လမ်းအသုံးပြုသူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အသိပညာပေးသွားမှာဖြစ်ပါတယ်။ ဒီယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကိုတော့ ဧပြီ(၁)ရက်ကနေ (၇)ရက်အထိ အသိပညာပေးမှာဖြစ်ပါတယ်။ အခုလိုလှုပ်ရှားမှုလိုမျိုးမေလမှာလည်း ထပ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37