Skip to playerSkip to main content
  • 8 years ago
Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် National Costume ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Miss Universe Myanmar ၂၀၁၆ အလှမယ်ထက်ထက်ထွန်းရဲ့ ဂုဏ်ပြုညစာစားပွဲကို မတ်လ ၂၄ ရက်က Myanmar Plaza Outdoor Area မှာ ပြုလုပ်ခဲ့ပါတယ်။
ဖိလစ်ပို်င်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ အလှမယ်ထက်ထက်ထွန်းဟာ ရုပ်သေးအကနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး National Costume ဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အလှမယ်ထက်ထက်ထွန်းရဲ့ ဂုဏ်ပြုညစာစားပွဲမှာတော့ အလှမယ်တစ်ယောက်ဖြစ်လာဖို့ ဖြတ်သန်းလာမှုတွေ ကြိုးစားခဲ့ရတာတွေ၊ သူဖြတ်ကျော်လာရတဲ့အခက်အခဲတွေ ပြန်လည်ပြောပြခဲ့ပါတယ်။
သူရဲ့ဂုဏ်ပြုညစာစားပွဲမှာ Project K အဖွဲ့၊ တေးသံရှင် G-Fatt၊ Ice Cold၊ ရပ်ဆဲလ် တို့ကလည်း သီချင်းတွေနဲ့ဖျော်ဖြေခဲ့ကြပြီး အလှမယ် ဇွန်သံစဉ်၊ မေမြတ်နိုး၊ ရွှေအိမ်စည်တို့က တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
Miss Universe ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ အလှမယ်ထက်ထက်ထွန်းဟာ လေးကြိမ်မြောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး National Costume ဆုကို ပထမဆုံးအကြိမ်ရရှိနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37