Skip to playerSkip to main content
  • 8 years ago
Good Morning မုန့်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကြား သုံးကြိမ်မြောက် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အလုပ်သမားတွေဘက်က ခုံသမာဓိကို ဆက်လက်တိုင်ကြားခဲ့ပါတယ်။ ဒီနေ့မှာ ခုံသမာဓိကနေ ဒီပြဿနာကို ဆက်လက်ဖြေရှင်းပေးဖို့ အလုပ်ရှင်ဘက်ကိုရော အလုပ်သမားတွေဘက်ကိုပါ ဆင့်ခေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကနေ စက်ရုံရှေ့မှာ အလုပ်သမား လေးရာ နီးပါးခန့် ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ဆယ်ရက်ကျော်လာပြီ ဖြစ်ပါတယ်။ အဲဒီဆယ်ရက်ကျော်မှာ အလုပ်ရှင်ဘက်က အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးနဲ့ လျော်ကြေးငွေအဖြစ် နှစ်အလိုက် တွက်ချက်ပေးပြီး ထုတ်ပေးမယ့် ငွေနှုန်းထားကို စက်ရုံရှေ့မှာ အသေးစိတ် ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိအချိန်ထိ အဲဒီနစ်နာကြေး လာရောက်ထုတ်ယူသူ နှစ်ဆယ်ခန့် ရှိတယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37