နီနီခင်ဇော်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ပွဲလာမယ်
  • 7 years ago
တေးသံရှင်နီနီခင်ဇော်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမယ့် ဧပြီလ ၁ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Red Volution လို့ နာမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို နီနီခင်ဇော်က ဇာမဏီငှက်ပုံနဲ့ ကို်ယ်စားပြုဖော်ပြထားပြီး ဇာမဏီငှက်ဟာ သူမရဲ့ဘဝကိုထင်ဟပ်စေတဲ့ငှက်တစ်ကောင်လို့ ပြောပါတယ်။
သူမရဲ့ ပထမဆုံးဖျော်ဖြေပွဲအတွက် သုံးနှစ်လောက်အချိန်ယူပြင်ဆင်ခဲ့ရသလို ပရိသတ်တွေကြည့်ရှုရကျိုးနပ်စေမယ့် ဖျော်ဖြေမှုတွေကို တင်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲကို အပိုင်းသုံးပိုင်းခွဲဖျော်ဖြေမှာဖြစ်ပြီး ထူးခြားမှုအနေနဲ့ နောက်ဆုံးမှာ သံစုံတီးဝိုင်းနဲ့အတူ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။
လက်မှတ်တွေကို လာမယ့် မတ်လ ၁၉ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်
Recommended