Skip to player
Skip to main content
Skip to footer
Search
Connect
Watch fullscreen
Like
Bookmark
Share
Add to Playlist
Report
7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု
7Day TV
Follow
8 years ago
(၁) သူနာပြု ဆရာ ဆရာမ ၅၀၀ ကျော် မြို့လယ်မှာ ချီတက်ဆန္ဒပြ
သူနာပြုဆရာ ဆရာမ၅၀၀ကျော်လောက်ဟာ ဒီကနေ့ မတ်လ ၁၅ ရက်ညနေပိုင်းက စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ၁ရက်က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ပုဂ္ဂလိကေ ဆးရုံတွေမှာ သူနာပြုတက္ကသိုလ်သင်တန်းကျောင်းတွေနဲ့ သဘောတူချုပ်ဆိုထားတဲ့စာချုပ်ကိုေ ဖာက်ဖျက်တဲ့သူနာပြုသားဖွားတွေကိုမခန့်အပ်ရေးဆိုတဲ့ထုတ်ပြန်ချက်ကြောင့်ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။
သူနာပြုဆရာ ဆရာမ၅၀၀ကျော်လောက်ဟာ သူနာပြုတက္ကသိုလ်ရှေ့ကနေမဟာဗန္ဓုလပန်းခြံထိ ချီတက်ဆန္ဒပြကြတာပါ။
ရန်ကုန်နဲ့မန္တလေးသူနာပြုတက္ကသိုလ်နဲ့သင်တန်းကျောင်းတွေကကျောင်းသားတွေနဲ့လုပ်ငန်းခွင်ဝင်ရောက်နေတဲ့သူနာပြုတွေပါဝင်ဆန္ဒပြကြတာပါ။
ဒီလိုဆန္ဒပြဖို့ ရန်ကုန်သူနာပြုသင်တန်းကျောင်းက ကျောင်းသားတွေကိုထွက်ခွင့်မပေးခဲ့တဲ့အတွက် ကျောင်းသားတွေထွက်လာဖို့သင်တန်းကျောင်းရှေ့မှာတောင်းဆိုတာတွေလည်းပြုလုပ်ခဲ့ပါတယ်။
သူနာပြုတွေအနေနဲ့အခုလိုဆန္ဒပြတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးတစ်စုံတစ်ခုပြောင်းလဲလာဖို့မျှော်လင့်နေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
(၂)ငလျင်ကြောင့်ထိခိုက်မှုရှိခဲ့တဲ့ တိုက်ကြီးကို ငလျင်လေ့လာရေးအဖွဲ့ကွင်းဆင်း
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ တိုက်ကြီးမြို့မှာ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရန်ကုန်တက္ကသိုလ်နဲ့ နည်းပညာ တက္က သိုလ်တို့က ပူးပေါင်းအဖွဲ့တွေဟာ ဒီကနေ့ မတ်လ၁၅ရက်မှာ ကွင်းဆင်းလေ့လာခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဖွဲ့ဝင် ၂၀ကျော်ပါဝင်တဲ့ ငလျင်လေ့လာရေးအဖွဲ့ဟာ တိုက်ကြီးမြို့ပေါ်က ငလျင်ဒဏ်ခံ လူနေအဆောက်အအုံတွေ သာသနိကအဆောက်အအုံတွေကို သွားရောက်လေ့လာခဲ့တာလို့လည်း သိရပါတယ်။
တိုက်ကြီးမြို့မှာ ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်အကြောင်းကို အင်ဂျင်နီယာရှုထောင့်နဲ့ ဘူမိဗေဒရှုထောင့်ကနေ လေ့လာမှုတွေ လုပ်သွားမယ်လို့ ငလျင်ကော်မတီနာယက ဒေါ်လှလှအောင်က ပြောပါတယ်။
တိုက်ကြီးမြို့အနီးကိုဗဟိုပြုပြီး ပြင်းအားရစ်ခ်ျတာစကေး ၅ ဒဿမ ၈ အဆင့်ရှိတဲ့ ငလျင်ဟာ ၁၃ရက် ညပိုင်းက လှုပ်ခတ်ခဲ့တာပါ။
လူနေရပ်ကွက်တွေက နေအိမ်အချို့ ပျက်စီးဆုံးရှုံးတာတွေ သာသနိကအဆောက်အအုံတွေ အက်ကွဲကြောင်းတွေ ဖြစ်တာ၊အုတ်တံတိုင်းတွေလဲပြိုတာတွေ ဖြစ်ခဲ့တဲ့အပြင် လူ၃၀နီးပါး ဆေးကုသမှုခံယူခဲ့ရပြီး ၂ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံငလျင်ကော်မတီ အနေနဲ့ တိုက်ကြီးငလျင်ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို မကြာခင် ထုတ်ပြန်မယ်လို့လည်း သတင်းရရှိပါတယ်။
ဒီနေ့ မတ် ၁၅ ရက်မနက်အစောပိုင်းနဲ့ ၁၄ ရက်ညပိုင်းတွေကလည်း ငလျင်နှစ်ကြိမ်ထပ်လှုပ်ခဲ့လို့ သာသနိကအဆောက်အအုံတစ်ခုမှာ နံရံအက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
(၃)တက္ကသိုလ်ဝင်တန်းစာမေးပွဲ သချာင်္နေ့ကလွဲလို့ ရက်တိုင်းအဆင်ပြေစွာပြီးစီး
ဒီကနေ့ဟာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွဲ (၇) သိပ္ပံတွဲနဲ့ အတွဲ(၁) ၀ိပ္ပံတွဲတွေ ဖြေဆိုရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စာမေးပွဲနောက်ဆုံးနေ့ ဖြစ်ပါ တယ်။
တစ်နိုင်ငံလုံးက ကျောင်းသားကျောင်းသူတွေဟာ မတ်လ ၈ ရက်ကစပြီး ဖြေဆိုနေကြတာပါ။
ဒီနှစ်အတွက် ဘာသာရပ်ဆိုင်ရာမေးခွန်းတွေဟာ ကျောင်းသားကျောင်းသူတွေအတွက် အခက်အခဲ မရှိပေမယ့် မေးခွန်းပုံစံမပြည့်စုံမှု ဖြစ်ပေါ်ခဲ့တဲ့ သင်္ချာဘာသာရပ်အပေါ်တော့ အနည်း ငယ်စိုးရိမ်စိတ်လေးတွေရှိနေတာ တွေ့ရပါတယ်။ စာမေးပွဲကြီးဖြေပြီး သွားတာနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေကလည်း အခုလိုပြောပါတယ်။
ကျောင်းသားမိဘတွေအနေနဲ့လည်း သားသမီးတွေ စာမေးပွဲမှာ အောင်အောင်မြင်မြင်ဖြေဆိုနိုင်ဖို့ စိုးရိမ်ခဲ့ရသမျှ စာမေးပွဲပြီးဆုံးသွားတဲ့အခါမှာတော့ စိတ်အေးလက်အေးနဲ့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၀ိဇ္ဇာဘာသာတွဲတွေဖြစ်တဲ့ ပထ၀ီဝင်နဲ့ သမိုင်းဘာသာရပ်တွေကတော့ မတ် ၁၆ ရက် ၁၇ ရက်မှာ ဖြေဆိုရမှာဖြစ်တယ်လို့သိရပါတယ်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ
စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ ကျောင်းသားဦးရေ ခုနှစ်သိန်းခြောက်သောင်းကျော် ရှိပြီး စာမေးပွဲဖြေဆိုသူကတော့ ခုနစ်သိန်းတစ်သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။
(၄)ဆန္ဒပြသူတွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဓာတ်ငွေ့ဈေး မြင့်တက်မှုကို ဆန္ဒပြရာကနေ အဓိကရုဏ်းဆန်ဆန် အခြေအနေတွေ ဖြစ်ပေါ်လာတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။
အခုလ အစပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်မှာ ဓာတ်ငွေ့ဈေးက ဆက်တိုက် မြင့်တက်လာပြီး အစိုးရ အနေနဲ့ လုံလောက်တဲ့ တုံ့ပြန် ထိန်းချုပ်မှုမျိုး မရှိဘူးလို့ ဆန္ဒပြသူတွေက ဝေဖန်ကြပါတယ်။ စွမ်းအင်ကဏ္ဍအတွက် ငွေကုန်ကြေးကျ မြင့်တက်လာခြင်းဟာ နိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ အထည်ချုပ် လုပ်ငန်းတွေကိုပါ အကြီးအကျယ် ထိခိုက်စေကြောင်း နိုင်ငံရေး ပါတီတွေကလည်း ထောက်ပြခဲ့ကြတယ်။
မတ် ၁၅ ရက်မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဒါကာမြို့တော်မှာရှိတဲ့ စွမ်းအင်နဲ့ ဓာတ်သတ္တု သယံဇာတ ဝန်ကြီးဌာန အဆောက်အအုံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်မှာ ရဲဝန်ထမ်းတချို့ ဒဏ်ရာ အနည်းအကျဉ်း ရခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးထားတာတော့ မရှိဘူးလို့ ရဲဌာနက ကြေညာပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေကဘက်ကတော့ ရဲတွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ ၅၀ လောက် ဒဏ်ရာရပြီး တချို့လည်း အဖမ်းခံခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။ ဆန္ဒပြသူတွေက အစိုးရရဲ့ စွမ်းအင်ကဏ္ဍအပေါ် စီမံကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဒေါသ ထွက်နေကြတယ်လို့လည်း ဆိုတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ လျှပ်စစ်စွမ်းအား ထောက်ပံ့ကြေးတွေကို လျှော့ချဖို့အတွက် ပြည်သူတွေဆီက မီတာခ တိုးကောက်ဖို့လည်း စီစဉ်နေတာကြောင့် နောက်ထပ် မငြိမ်မသက်မှုတွေ ထပ်မံ ပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။
Category
🗞
News
Recommended
0:59
|
Up next
တရုတ်ရေတပ်သင်္ဘောအုပ်စုကြီး ပူးတွဲစစ်ရေးလေ့ကျင့်ရန် ရုရှားသို့သွားရောက်
DVBTV
8 years ago
3:49
ဘာဟုဘလီ အပိုင်း ၂ ဇာတ်ကား လက်မှတ်ရောင်းအား စံချိန်တင် (ရုပ်သံ)
DVBTV
8 years ago
1:10
ကျောင်းသူတဦး အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရမှု သြစတြေးလျရဲ ရှာဖွေ (ရုပ်သံ)
DVBTV
8 years ago
4:15
တပတ်အတွင်းထူးခြား မှုခင်းသတင်းများ
7Day TV
7 years ago
1:18
ရန်ကုန်ကပြည်သူ့ဆေးရုံ ခြောက်ခုအတွက် သွေးစစ်ပြွန်တစ်သိန်း ထောက်ပံ
7Day TV
7 years ago
1:18
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ရက်တိုးမြှင့်ဖွင့်လှစ်
7Day TV
7 years ago
3:01
ဥရောပထိပ်တန်းအမှတ်တံဆိပ် Peugeot ကားတွေကိုအရစ်ကျဝယ်နိုင်ပြီ
7Day TV
7 years ago
15:37
Makeup Box
7Day TV
7 years ago
12:37
ကလေးတွေကို သတိထားကြည့်ပါ
7Day TV
7 years ago
6:33
မနက်ခင်းသတင်းစာ
7Day TV
7 years ago
3:03
7DayTV ဖေ့စ်ဘွတ်ခ်တစ်ခွင်
7Day TV
7 years ago
0:18
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး
7Day TV
7 years ago
2:11
ဘန်ကောက်မှာ ဆေးသွားစစ်မယ့် ရွှေမှုန်ရတီ
7Day TV
7 years ago
1:53
မော်စကို မြို့လယ်မှာ ရောင်စုံ မီးဆလိုက်တွေ ထွန်းညှိပြီး ကမ္ဘာ့ဖလားကို ကြိုဆို
7Day TV
7 years ago
1:41
ပိုင်တံခွန်ရဲ့အချစ်ရေး ဘယ်လိုရှိလဲ
7Day TV
7 years ago
1:12
ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ရှေ့ဖြစ်ဟော ခန့်မှန်းမယ့် ရုရှားက ကြောင်လေး
7Day TV
7 years ago
1:50
ရွှေထူး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့သုံးယောက် ပါဝင်ရိုက်ကူးမယ့် “ဧည့်သည်”
7Day TV
7 years ago
2:09
ပန်းရောင်ခြယ်ရဲ့ တစ်ကိုယ်တော်ခွေမှာ ဘာတွေထူးခြားမလဲ
7Day TV
7 years ago
3:46
အရည်အသွေးမြင့်ထိုင်း ထုတ်ကုန်ပြပွဲကျင်းပမယ်
7Day TV
7 years ago
2:34
ဦးသိန်းစိန်အစိုးရခေတ်အကြောင်းစာအုပ်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့မဟုတ်ဘူးလို့ဦးစိုးသိမ်းဆို
7Day TV
7 years ago
1:18
ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ၂၅ ဦးထက်မနည်း သေပြီး ၃၀၀ နီးပါး ဒဏ်ရာရ
7Day TV
7 years ago
5:11
နောက်ဆုံးရနိုင်ငံတကာသတင်းတွေဒီမှာကြည့်ပါ ။
7Day TV
7 years ago
2:18
ဗီလိန်လုပ်ထားတဲ့ ရဲရင့်အောင်ရဲ့ ရင်ဖွင့်သံ
7Day TV
7 years ago
6:35
မနက်ခင်းသတင်းစာ
7Day TV
7 years ago
1:16
7DayTV ဖေ့စ်ဘွတ်ခ်တစ်ခွင်
7Day TV
7 years ago