ကိုမျိုးရန်နောင်သိမ်း အမှု ပြန်ခေါ်သက်သေတွေကို ခေါ်ယူစစ်ဆေး

  • 7 years ago
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမျိုးရန်နောင်သိမ်း အမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်က တင်ပြခဲ့တဲ့ သက်သေ ၇ ဦးထဲကနေ ပြန်ခေါ်သက်သေနှစ်ဦးကို ဒီနေ့ ရုံးချိန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးက ပြောကြားခဲ့ပါတယ်။ အဲဒီ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကမာရွတ် မြို့နယ် တရားရုံးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆိုရှယ်မီဒီယာမှာ အသေရေဖျက်ရေးသားမှု မြောက်တယ်ဆိုပြီး အဲဒီပုဒ်မနဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended