Skip to playerSkip to main content
  • 8 years ago
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးအလုပ်သမားခြောက်သိန်းဝန်းကျင်လောက်က အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီကနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေး ညှိုနှိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်အတာနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ကလေးလုပ်သားတွေကို ဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုချက်ရယူပြီး လုပ်ကိုင်နေတဲ့ ကလေးလုပ်သားက တစ်သောင်း ကျော်သာရှိတယ်လို့ ညွှန်ကြားရေးမှုးချူပ် ဦးဝင်းရှိန်ကပြောပါတယ်။ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို နိုဝင်ဘာလကုန်မှာ အပြီးရေးဆွဲပြီးမှ စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News
Comments

Recommended