Skip to playerSkip to main content
  • 8 years ago
သင်္ကြန်ပိတ်ရက်ကို လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ၁၀ ရက်ပိတ်ပေးဖို့ အလုပ်သ မားဝန်ကြီးဌာနရဲ့ ညှိနှိုင်းတောင်းဆိုချက်ကို အလုပ်ရှင် အများစုက သဘောတူခဲ့ကြပါတယ်။ဒီနေ့ မနက်ပိုင်းက UMFCCI မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝန်ကြီးဌာနက အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်နဲ့ ရန်ကုန်တိုင်းဒေသကြီးက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နှစ်ဘက်တွေ့ဆုံပြီး ဒီနှစ်သင်္ကြန်ရုံးပိတ်ရက်နဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။အလုပ်ရှင်တွေဘက်ကလည်း ဒီနှစ်သင်္ကြန်ပိတ်ပေးလိုက်တဲ့ အပို ငါးရက်အစား စနေနေ့တွေမှာ လေးနာရီနဲ့ ဆယ်ပတ်အလုပ်ဆင်းကာ အစားထိုး လုပ်ဆောင်တာတွေမျိုး လုပ်ဆောင်သွားဖို့လည်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ဒီနှစ် နှစ်သစ်ကူး ရုံးပိတ်ရက်ကို ပြည်ထောင်စု အစိုးရက ငါးရက်အထိ တရားဝင်လျော့ချလိုက်ပေမယ့် အလုပ်ရှင်တွေ အများစုကတော့ ဒီနှစ် သင်္ကြန်ပိတ်ရက်ကို ဆယ်ရက်အထိ အပြည့်ပေးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ဒါပေမယ့် နောက်နှစ် သင်္ကြန်ပိတ်ရက်တွေမှာတော့ အစိုးရ သတ်မှတ်တဲ့အတိုင်း နှစ်သစ်ကူး ရုံးပိတ်ရက်ကို ငါးရက်ပဲ လက်ခံကြဖို့လည်း အလုပ်သမားတွေလိုက်နာဖို့ လိုအပ်တယ်လို့ အလုပ်ရှင်တွေက တင်ပြခဲ့ကြပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37