Skip to playerSkip to main contentSkip to footer
  • 8 years ago
ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိင် ကျဆုံးခဲ့တာ ဒီကနေ့ဆို ၂၉ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုးနိင်ဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညပိုင်းက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲမှာ သေနတ်မှန်သေဆုံးခဲ့ကြတာပါ။ အဲဒီလို ကျဆုံးခြင်း ၂၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU) စုဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနှစ်ပတ်လည်ပွဲမှာ ကျဆုံးသူတွေကို ရည်စူးပြီး သံဃာတော်တွေကို သင်္ဃန်းနဲ့ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ၊ ပွဲတက်ရောက်လာသူတွေကိုလည်း ၁၉၈၈ခုနှစ် မတ် ၁၃ရက်အရေးအခင်း ဖြစ်ရပ်မှန်များ စာအုပ်နှင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် စတစ်ကာတို့ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended

15:37