ဟံသာဝတီ ဦးဝင်းတင်ရဲ့၈၇ နှစ်ပြည့် မွေးနေ့ပွဲကို ဂုဏ်ပြုကျင်းပ
  • 7 years ago
ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၇ နှစ်ပြည့် မွေးနေ့ပွဲကို လမ်းမတော်မြို့နယ်မှာရှိတဲ့ Yangon Book Plazaမှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ မတ်လ(၁၂)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဘဘဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်မြန်မာအဖွဲ့နဲ့Yangon Book Plazaတို့ ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲလေးမှာ ထူးထူးခြားခြားအစီအစဉ်လေးအဖြစ် 'ဘယ်သူလဲဟဲ့ ဦးဝင်းတင်'ခေါင်းစဉ်နဲ့ ဘဘဦးဝင်းတင်နဲ့အတူ စာပေလောက၊ နိုင်ငံရေးလောကတွေမှာအတူတကွ ကျင်လည်ဖြတ်သန်းခဲ့ကြသူတွေဖြစ်တဲ့ဆရာအောင်ဝင့်(ဦးအုန်းကြိုင်)၊ ဆရာမောင်မိုးသူ၊ ဆရာမျိုးမြင့်ညိမ်း၊ ဆရာမမသီတာ-စမ်းချောင်းနှင့် ဆရာဂျင်မီတို့ကဦးဝင်းတင်အကြောင်း ပြန်လည်ပြောပြခဲ့ကြပါတယ်။ Yangon Book Plaza Exclusive Committee ၀င်တွေက ရွေးချယ်ခဲ့တဲ့ စာရေးဆရာကြီး ၁၂ ဦးရဲ့ အထိမ်းအမှတ် ပုံတူတွေ၊ လက်ရေးမူတွေနဲ့ကိုယ်ရေးအကျဉ်းတွေကိုလည်း ထားရှိပေးထားပြီး စာရေးဆရာကြီး ၁၂ ဦးရဲ့ မွေးနေ့တွေ ၊ အထိမ်းအမှတ်နေ့တွေကိုလည်း လစဉ် ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

ရုပ်သံ သတင်းထောက် - လွင်သဲငယ်ဦး
Recommended