Skip to playerSkip to main content
  • 8 years ago
လှိုင်သာယာမြို့နယ် စက်မှုဇုံတွေမှာရှိတဲ့ စက်ရုံ ၂၀ ခန့်က အလုပ်သမား တစ်ထောင်ကျော်ဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြတာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့ အနေနဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး လှိုင်သာယာမြို့နယ်တွင်းက နဝဒေးကားမှတ်တိုင်ကနေ လှိုင်သာယာစက်မှုဇုံ စီမံခန့်ခွဲရေးရုံးအထိ ဒီနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက်ခဲ့ကြတာပါ။ ဒီနေ့ပွဲကို စီမံခန့်ခွဲရေးမှူးရုံး ကနောင်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး အမျိသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးကိစ္စတွေ စတဲ့ အခြေအေနတွေကို ကျွမ်းကျင် ပညာရှင်တွေက အသီးသီးဟောပြောပို့ချခဲ့ပါတယ်။

ရုပ်သံသတင်းထောက်- အလှလေး သူဇာ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37