Skip to playerSkip to main content
  • 8 years ago
မျိုးနွယ်တူတွေရဲ့ ဘဝအခြေအနေ တိုးတက်အောင် ကူညီပေးဖို့အတွက် ထိုင်းနိုင်ငံက ဆင်တွေ စုပေါင်းပြီး ပိုလိုကစားခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ဘုရင့်ဖလား ဆင်ပိုလိုပြိုင်ပွဲကို ဘန်ကောက်မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို သဘာဝ ဆင်ရိုင်းတွေ ထိန်းသိမ်းစောင့်ရှောက်ရေး ပရောဂျက်တွေအတွက် လှူဒါးန် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဆင်ဦးစီးတွေက ကိုယ်ကွပ်ကဲတဲ့ ဆင်တွေကို နိုင်နိုင်နင်းနင်း ခိုင်းစေ ထိန်းချုပ်ပြီး ကစားပွဲမှာ ပါဝင်တဲ့ ဆင်တွေကတော့ မြက်ခင်းပေါ်က ဘောလုံးငယ်လေးနောက် ပြေးလိုက်နေကြပါတယ်။ ဆင်ဦးစီးတွေက လက်ကိုင်ကို ရှည်ရှည်လျားလျားဖြစ်အောင် ပြောင်းလဲထားတဲ့ တုတ်တံတွေနဲ့ ပိုလို ကစားကြရတာပါ။ ထိုင်းနိုင်ငံမှာ သဘာဝအတိုင်း နေထိုင်ကျက်စားတဲ့ တောဆင်ရိုင်း ၃၇၀၀ လောက် ရှိနေပြီး လူတွေ မွေးမြူထားတဲ့ ဆင်အရေအတွက်ကတော့ ၄၀၀၀ လောက် ရှိနေပါတယ်။ ထိုင်းမှာ မြို့ပြဧရိယာ ချဲ့ထွင်မှု၊ မှောင်ခို အမဲလိုက် သတ်ဖြတ်မှုတွေကြောင့် ဆင်ရိုင်းတွေ အရေအတွက် တဖြည်းဖြည်း ကျဆင်းလာတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37