Skip to playerSkip to main content
  • 8 years ago
မြန်မာနိုင်ငံမှာ လူသတ်ဝါဒလို အမုန်းစကား ဖြန့်နေသူတွေကို တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်တဲ့ အစိုးရဟာ ရာဇ၀တ်မှုကို အားပေးနေတဲ့ အစိုးရသာ ဖြစ်တယ်လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ ပုဒ်မ ၆၆ (ဃ)နဲ့ ကိုဆွေဝင်းကို မန္တလေးမှာ အမှုဖွင့်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ Myanmar Now ရုံးခန်းမှာ ကိုဆွေဝင်းက ပြောကြားခဲ့တာပါ။ ဦးဝီရသူက သူ့ကို တပတ်အတွင်း မတောင်းပန်လို့ ဆိုပြီး မန္တလေး အမှတ် ၇ ရဲစခန်းမှာ ကိုဆွေဝင်းကို ပုဒ်မ ၆၆ ဃနဲ့ ဦးဝီရသူကိုယ်စား တ.စ.ည ပါတီဝင် ကျူရှင်ဆရာ ကိုကျော်မျိုးရွှေ ဆိုသူက အမှုဖွင့်တာကို ရဲစခန်းက လက်ခံထားတယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended