Skip to player
Skip to main content
Search
Connect
Watch fullscreen
Like
Bookmark
Share
More
Add to Playlist
Report
::: 7 Day Heroes အပိုင်း (၃) ::: ပညာရှင်ပီသသော ဒေါက်တာထွန်းလွင်
7Day TV
Follow
8 years ago
ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှု ဒုတိယ အဆိုးဆုံးခံရတဲ့ နိုင်ငံမှာ ဒေါက်တာထွန်းလွင် ရှိနေတာက ကံကောင်းမှုတစ်ခု ဖြစ်ပါတယ်။ ရာသီဥတုနဲ့ မိုးလေဝသ သတင်းတွေ၊ သဘာဝ ဘေးအန္တာရာယ်နဲ့ ပက်သက်တဲ့ သတင်းတွေ၊ သတိပေးချက်တွေကို ဘယ်သူမှ မခိုင်းရဘဲ ပညာရှင်ပီသစွာ အမြဲထုတ်ပြန်ပေးနေသူ ဖြစ်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် တာဝန်က အငြိမ်းစားယူခဲ့ပေမယ့် မိုးလေဝသနဲ့ သဘာဘေး အန္တရာယ်သတင်းတွေကို သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာနဲ့ မီဒီယာတွေကတစ်ဆင့် ပညာပေးတာတွေ သတိပေးတာတွေ အမြဲမပြတ် ပြုလုပ်ခဲ့တာပါ။
မုန်တိုင်း၊ ရေဘေးလို သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီဆိုရင် မအိပ်မနေ သတိပေးချက်တွေကို သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာနဲ့ မီဒီယာတွေက တစ်ဆင့် အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက မိုး၊ဇလ ဌာနထက်တောင် ဒေါက်တာထွန်းလွင်အပေါ် ပိုပြီး ယုံကြည်အားကိုးကြပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့်ပဲ အရင်နှစ်တွေ ကတည်းက 7Day Hero ဆန်ခါတင်စာရင်းမှာ မကြာခဏ ပါဝင်လေ့ရှိခဲ့တဲ့ ပညာရှင်တစ်ယောက်ပါ။ ၂၀၁၆ ခုနှစ်မှာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ အယ်လ်နီညို၊ မကြုံဖူးလောက်အောင် ဒုက္ခပေးခဲ့တဲ့ မိုးသီးတွေ၊ နှစ်စဉ်နီးပါးကြုံတွေ့နေရတဲ့ ရေဘေးနဲ့ ကြံ့ ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ အတွက် ကြိုတင်ပြီး တိတိကျကျ သတိပေးနိုင်ခဲ့ပါတယ်။
ကြံ့ ဆိုင်ကလုန်းမုန်တိုင်းမှာ မုန်တိုင်းလမ်းကြော်င်းကို လေး ငါးရက်စောပြီး မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်အတွင်းမှာ စွမ်းဆောင်ချက်တွေ အတွက် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကို 7Day Hero ဆု ရွေးချယ် ချီးမြှင့်လိုက်ပါတယ်။
7Day News သူရဲကောင်းဆု (7Day News Hero)
သာမန်ပြည်သူများထဲမှ မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ၊ သတ္တိရှိရှိ အများပြည်သူ အကျိုး အတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြသော တာဝန်ကျေတဲ့ ပုဂ္ဂိုလ်တွေကို ၂၀၁၁ ခုနှစ်က စတင်ရွေးချယ်ပြီး 7Day သူရဲကောင်းဆု (7Day News Hero) အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
သူရဲကောင်းဆုတွေကို 7Day Newsက နယ်ပယ်ပေါင်းစုံကို ဖြန့်ကြက်ပြီး ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘက်ပေါင်းစုံမှာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ သူရဲကောင်းစိတ်ဓာတ် ပိုင်ရှင်တွေ ထပ်မံတိုးပွားလာရေး အတွက် ဖြစ်ပါတယ်။ အဲဒီဆုကို 7Day News က နှစ်စဉ်ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။
Category
🗞
News
Be the first to comment
Add your comment
Recommended
1:38
|
Up next
ပိုလန် ကမ်းရိုးတန်း ရေထိန်းနံရံကို ထိတ်လန့်ဖွယ် ရေလှိုင်းကြီးများ ၀င်ရောက် (ရုပ်သံ)
DVBTV
7 years ago
1:03
ပီရူး လူငယ်အကျဉ်းစခန်းတွင် အဓိကရုဏ်းဖြစ်၊ ၅ ဦး သေဆုံး (ရုပ်သံ)
DVBTV
8 years ago
1:02
လန်ဒန်ရှိ အမေရိကန်သံရုံးအနီး ဗုံးထောင်ထားသည့် ကားတစီးကို ဗုံးရှင်းစက်ရုပ်သုံး ဖျက်ဆီး (ရုပ်သံ)
DVBTV
8 years ago
4:15
တပတ်အတွင်းထူးခြား မှုခင်းသတင်းများ
7Day TV
7 years ago
1:18
ရန်ကုန်ကပြည်သူ့ဆေးရုံ ခြောက်ခုအတွက် သွေးစစ်ပြွန်တစ်သိန်း ထောက်ပံ
7Day TV
7 years ago
1:18
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ရက်တိုးမြှင့်ဖွင့်လှစ်
7Day TV
7 years ago
3:01
ဥရောပထိပ်တန်းအမှတ်တံဆိပ် Peugeot ကားတွေကိုအရစ်ကျဝယ်နိုင်ပြီ
7Day TV
7 years ago
15:37
Makeup Box
7Day TV
7 years ago
12:37
ကလေးတွေကို သတိထားကြည့်ပါ
7Day TV
7 years ago
6:33
မနက်ခင်းသတင်းစာ
7Day TV
7 years ago
3:03
7DayTV ဖေ့စ်ဘွတ်ခ်တစ်ခွင်
7Day TV
7 years ago
0:18
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး
7Day TV
7 years ago
2:11
ဘန်ကောက်မှာ ဆေးသွားစစ်မယ့် ရွှေမှုန်ရတီ
7Day TV
7 years ago
1:53
မော်စကို မြို့လယ်မှာ ရောင်စုံ မီးဆလိုက်တွေ ထွန်းညှိပြီး ကမ္ဘာ့ဖလားကို ကြိုဆို
7Day TV
7 years ago
1:41
ပိုင်တံခွန်ရဲ့အချစ်ရေး ဘယ်လိုရှိလဲ
7Day TV
7 years ago
1:12
ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ရှေ့ဖြစ်ဟော ခန့်မှန်းမယ့် ရုရှားက ကြောင်လေး
7Day TV
7 years ago
1:50
ရွှေထူး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့သုံးယောက် ပါဝင်ရိုက်ကူးမယ့် “ဧည့်သည်”
7Day TV
7 years ago
2:09
ပန်းရောင်ခြယ်ရဲ့ တစ်ကိုယ်တော်ခွေမှာ ဘာတွေထူးခြားမလဲ
7Day TV
7 years ago
3:46
အရည်အသွေးမြင့်ထိုင်း ထုတ်ကုန်ပြပွဲကျင်းပမယ်
7Day TV
7 years ago
2:34
ဦးသိန်းစိန်အစိုးရခေတ်အကြောင်းစာအုပ်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့မဟုတ်ဘူးလို့ဦးစိုးသိမ်းဆို
7Day TV
7 years ago
1:18
ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ၂၅ ဦးထက်မနည်း သေပြီး ၃၀၀ နီးပါး ဒဏ်ရာရ
7Day TV
7 years ago
5:11
နောက်ဆုံးရနိုင်ငံတကာသတင်းတွေဒီမှာကြည့်ပါ ။
7Day TV
7 years ago
2:18
ဗီလိန်လုပ်ထားတဲ့ ရဲရင့်အောင်ရဲ့ ရင်ဖွင့်သံ
7Day TV
7 years ago
6:35
မနက်ခင်းသတင်းစာ
7Day TV
7 years ago
1:16
7DayTV ဖေ့စ်ဘွတ်ခ်တစ်ခွင်
7Day TV
7 years ago
Be the first to comment