Skip to playerSkip to main content
  • 8 years ago
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးသွားခဲ့ပါတယ်။ ကယ်လီဖိုးနီးယားက ရေးဗားဆိုက်ဒ် လေဆိပ်အနီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က လူနေအိမ်တစ်လုံးပေါ်ကို လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင် အိမ်တချို့ကိုပါ မီးလောင်ခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် လေကြောင်း စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီယန် ဂရီဂေါ်က Cessna 310 လေယာဉ်ငယ် ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37