Skip to playerSkip to main content
  • 8 years ago
၁၀ တန်းစာမေးပွဲ တက္ကသိုလ်ဝင်တန်းစာမေးပဲကို လာမယ့် မတ်လ ၈ ရက်မှာ ဖြေဆိုကြရတော့မှာပါ။ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေဟာ ကျောင်းစာကိုကြိုးစားကျက်မှတ်ကြရင်း ဆစ်ဖက်ကလည်း ယုံကြည်ကိုးကွယ်ရာအစီအမံတွေကို ပြင်ဆင်ကြတာလည်း နှစ်တိုင်းပါပဲ။ဒါကြောင့် ကျိုက္ကစံဘုရားဝင်းမှာရှိတဲ့ လောကပါလ ယက္ခညီနောင်ဆီမှာလည်း အုန်းပွဲ ၊ငှက်ပျောပွဲဆက်ကပ်လှူဒါန်းမှုတွေ ပြုလုပ်ကြတာပါ။ပြီးတော့ မရမ်းတလင်း ဗေဒင်ယတြာခြံမှာတော့ စာမေးပွဲဖြေဆိုမယ့် ကလေးတွေအတွက် ကျန်းမာရေး လူမှုရေး အနှောင့်အယှက်အပါအဝင် အမှောက်ပယောဂ တစ်စုံတရာ မကျရအောင်ယတြာတွေပြုလုပ်နေတာတွေလည်းတွေ့ရပါတယ်။ အတတ်ပညာကိုစောင့်ရှောက်တဲ့ နတ်မင်းတွေဆီမှာ ကန်တော့ပွဲဆုတောင်းရင်း သူတို့ရဲ့ အမည် ၊ခုံနံပါတ်နဲ့ ၊ ဖြေဆိုမယ့် ဘာသာတွဲတွေကို စာရွက်ဖြူပေါ်မှာ မိတ္တူ ကူးတာ ၊ လက်ရေးနဲ့ ရေးပြီး တံခွန်ကုတ်ကားသဖွယ် ထိုက်ထိုးလှူဒါန်းထားတာပါ။ကျိုက္ကံဆံဘုရားဝင်းအတွင်းက လောကပါလယက္ခညီနောင်ဆီမှာ လည်း စာမေးပွဲရက်လိုသေးပေမယ့် ပညာရေးပွဲနဲ့ ၊ တ့ခွန်ကုက္ကား လှူဒါန်းသူတချို့ရှိနေတာပါ။ စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင်ဖို့ဆုတောင်းစာတွေ ၊ ဆရာ ဆရာမတွေကို ကိုယ် နှုတ်နှလုံးသုံးပါးနဲ့ စော်ကားမိခဲ့ရင် ခွင့်လွှတ်ဖို့ ခင်ပွန်းကြီးဆယ်ပါး ယတြာချေတာတွေလည်း ပြုလုပ်နေကြတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် ခင်ဝိုင်းဖြူဖြူ

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37