Skip to playerSkip to main contentSkip to footer
  • 8 years ago
တစ်လနီးပါးကြာအောင် ဆန္ဒပြနေတဲ့ ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ ဆန္ဒပြမှုကို ရပ်ဆိုင်းပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ အသီးသီး အိမ်ပြန်နေကြပါပြီ။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ဘက်က သဘောတူတဲ့အတွက် တစ်လနီးပါးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေးတွေကို ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် နေမကောင်းလို့ ခွင့်တစ်ရက် ယူလိုက်တာကို အကြောင်းပြပြီး အလုပ်ထုတ်လိုက်တဲ့ အတွက် အလုပ်သမား ငါးရာကျော်က ဇန်န၀ါရီလ ၃၀ ရက်ကတည်းက အိမ်မပြန်ဘဲ စက်ရုံမှာ တောင်းဆိုနေကြတာပါ။


ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended

15:37