Skip to playerSkip to main content
  • 8 years ago
ပဲခူးတိုင်းညောင်လေးပင်မြို့မှာရှိတဲ့ ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ဘုရားကျောင်းကမြင်ကွင်း အချို့ပါ။ လက်ရှိမှာတော့ ၁၁၅ကြိမ်မြောက် သခင်မ ပွဲတော်ကြီးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ ပွဲတော်ကို လာတဲ့သူကလည်း တစ်သိန်းလောက်ရှိတာပါ။ ဒီပွဲတော်ကြီးမှာ ကတ်သလစ်ဘာသာကို ကိုးကွယ်ယုံကြည်ကြတဲ့ တိုင်းရင်းသား ဘာပေါင်းစုံနေ့စဉ် ဝတ်ပြု ကိုးကွယ်မှုတွေလည်း ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မ ပွဲတော်ကြီးကိုတော့ ဖေဖော်ဝါရီ ၃ရက်ကနေ ၁၂ရက်ထိ ကျင်းပလျက်ရှိနေတာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- သန်းဌေးအောင်

Category

🗞
News
Comments

Recommended