Skip to playerSkip to main contentSkip to footer
  • 8 years ago
နံနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့ တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ မောင်တောဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်မှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ရှိ၊ မရှိ စစ်ဆေးဖို့ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲမယ်ဆိုတဲ့ သတင်း၊ ဦးကိုနီ လုပ်ကြံခံရမှု သတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်ရှိတဲ့ ဌာနတွေကပဲ သတင်းထုတ်ပြန်မှာဖြစ်ပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှာ မဟုတ်ဘူးဆိုတဲ့ သတင်း၊ ရွှေတိဂုံစေတီတော်မှာ ထိုင်းမော်ဒယ်တစ်ဦး အမြင်မသင့်တဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ အတွက် တာဝန်ကျလုံခြုံရေး ဝန်ထမ်းတွေကို အရေးယူမယ်ဆိုတဲ့ သတင်း၊ သတို့သမီးအဖြစ် လူကုန်ကူးခံရတဲ့ ဗီယက်နမ် အမျိုးသမီး ၃၂ ဦးကို တရုတ်ရဲတပ်ဖွဲ့ ကယ်တင်ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
နံနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှာ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။

Category

🗞
News

Recommended

15:37