ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ် ၇၀ ပြည့်နှစ် ပြည်ထောင်စုနေ့ အခမ်းအနား လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ကို အသုံးပြုသွားမယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိပါတယ်။ အဲဒီ ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွယ်ရှိနေပြီး ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ချထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒရုန်းကင်မရာတွေနဲ့ မှတ်တမ်းတင်ခြင်းကို လုံခြုံရေးအရ တားမြစ်ထားပြီး အများ မြင်သာတဲ့ နေရာတွေမှာ သတိပေး တားမြစ်စာတွေ ချိတ်ဆွဲပေးထားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း