Skip to playerSkip to main contentSkip to footer
  • 8 years ago
အမျိုးသားရေး လှုပ်ရှားသူတွေက မလေးရှား သင်္ဘောဆိုက်ရောက်လာမယ့် သီလဝါဆိပ်ကမ်း MITT ဝင်ပေါက်အနီးမှာ NO ROHINGYA ဆိုတဲ့စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကန့်ကွက်နေပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးမရှိကြောင်း မလေးရှားထောက်ပံ့ရေး သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေ သိရှိစေဖို့ ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ (ဖေဖော်ဝါရီ၉ရက်) နေ့လယ်ပိုင်း မလေးရှား သင်္ဘော မကပ်ခင်မှာ ရဟန်းသံဃာတော်တွေနဲ့ အမျိုးသားရေး လှုပ်ရှားသူ ၅၀ခန့်က ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ထောက်ပံ့ရေး ပစ္စည်းတွေ လာရောက်ပေးပို့တဲ့ မလေးရှား သင်္ဘောဟာ ဒီနေ့ ညနေပိုင်းမှာ သီလဝါ ဆိပ်ကမ်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News

Recommended

15:37